Friday, September 30, 2016

တစ်ရေးနိုးချိန်မှာ ဖုန်းကို စစ်ဆေးခြင်းက ကျန်းမာရေးကို ထိခိုက်စေ

လူအများစုက နိုးတာနဲ့ ဖုန်းကို မကြည့်ဘဲ မနေနိုင်ကြပါဘူး။
play

ဒါဟာ သူ့အလိုလို ဖြစ်တတ်တဲ့ကိစ္စပါ။ ညဥ့်နက်သန်းခေါင် အိပ်ရာက ရုတ်တရက်နိုးလာချိန်မှာ ဘာရယ်လို့ မဟုတ်ဘဲ ဖုန်းကို ချက်ချင်းကောက်ကိုင်ပြီး စစ်ဆေးတတ်ကြပါတယ်။

မနက် ၃ နာရီကြီးမှာ ဘယ်သူက ကိုယ့်ကို မက်ဆေ့ပို့ထားတာမျိုး ရှိမှာလဲ၊ အလုပ်က ဘာကိစ္စ ထူးနေမှာလဲ။ ဒါကို သိပေမဲ့လည်း အကျင့်တစ်ခုလို လုပ်မိတာဖြစ်ပါတယ်။
play

ဒီလို ခဏတာ လုပ်လိုက်တဲ့ ကိစ္စလေးဟာ သင့်ရဲ့ကျန်းမာရေးကို အမှန်တကယ် ထိခိုက်စေနိုင်တယ်လို့ ပညာရှင်များက သတိပေးလိုက်ပါတယ်။
ဒါဟာ ဖုန်းရဲ့မျက်နှာပြင်က ထုတ်လွှင့်လိုက်တဲ့ အပြာရောင်အလင်းတန်းကြောင့်ပါ။ အဲဒီအလင်းတန်းဟာ လူတွေရဲ့ အိပ်စက်ခြင်းအစီအစဉ်ကို သုံးနာရီလောက်အထိ ရွှေ့ဆိုင်းပစ်နိုင်တယ်လို့ ဆိုပါတယ်။
play

အခြားလေ့လာမှုတွေအရဆိုရင်လည်း အဲဒီအပြာရောင်အလင်းတန်းဟာ လူတွေ လိုအပ်တဲ့ အားသစ်ဖြစ်ပေါ်စေတဲ့ အိပ်စက်မှုကို မရရှိစေဖူးလို့ ပြသနေပါတယ်။
ဒါကြောင့် သေရေးရှင်ရေးကိစ္စ မဟုတ်ဘူးဆိုရင် မျက်လုံးကို ကောင်းကောင်းအနားပေးသင့်ပါတယ်။ ဖေ့စ်ဘွတ်က သင့်ရဲ့ ကျန်းမာရေးနဲ့ အလဲအထပ်လုပ်ရလောက်အောင် အရေးမပါပါဘူး။
Source & Photos : Mirror
DUWUN

No comments:

Post a Comment