Sunday, October 2, 2016

ဒါတွေဖြစ်နေပြီဆိုရင် အချိုလျှော့စားပါ

ဒီအချက်တွေ ခံစားနေရပြီဆိုရင် အချိုလျှော့စားဖို့ လိုအပ်နေပါပြီ။

 play

၁။ ဦးနှောက်ထိုင်းမှိုင်း

play

အချိုပါတဲ့ အစားအစာတွေက သွေးအတွင်း သကြားဓာတ်ပမာဏ ထိုးတက်စေပြီးနောက် တဖြည်းဖြည်း ပြန်လျော့ကျတာမျိုး မဟုတ်ဘဲ အလျင်အမြန် ကျသွားတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းက ဦးနှောက်ကို သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဦးနှောက်ရဲ့ တွေးခေါ်ဆုံးဖြတ်မှု တုံ့နှေးနေပြီး တွေဝေမှုနဲ့ ဇဝေဇဝါဖြစ်မှုတွေ ကြုံနေရတာက အချိုစားတာ များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ တော်ရုံအချိုကို ချိုတယ်မထင်တော့

play

အချိုအစားများသူတွေရဲ့ လျှာမှအရသာခံအဖုတွေက အချိုဓာတ်ကို ခံနိုင်စွမ်း ပုံမှန်ထက်ပိုရှိသွားတာကြောင့် တော်ရုံအချိုကို ချိုတယ်မထင်တော့ဘဲ ပိုချိုတဲ့ အစားအစာတွေကို စားချင်လာပါတယ်။

၃။ ပင်ပန်းနွမ်းနယ်

play

အချိုများတဲ့ အစားအစာတွေက ခန္ဓာကိုယ်စွမ်းအင်ကို တိုးမြင့်စေပေမဲ့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ဘဲ အလျင်အမြန် ပင်ပန်းနွမ်းလျတတ်ပါတယ်။ မကြာခဏဆိုသလို ပင်ပန်းနွမ်းလျမှု ခံစားနေရရင် အချိုစားတာများလို့ ဖြစ်နိုင်ပါတယ်။

၎။ စွဲလန်းစိတ်ဖြစ်

play

အချိုဓာတ်က စွဲလန်းမှုဖြစ်စေပါတယ်။ အချိုအစားများတဲ့သူတွေဟာ အခြား အစားအစာထက် အချိုများတဲ့ အစားအစာတွေကို ပိုပြီး စားချင်ကြလေ့ရှိပါတယ်။

၅။ မကြာခဏ အအေးမိဖျားနာတတ်

play

အချိုဓာတ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တဖြည်းဖြည်းချင်း လျော့နည်းစေတာကြောင့် အချိုအစားများသူတွေဟာ မကြာခဏဆိုသလို အအေးမိဖျားနာတတ်ပါတယ်။

၆။ အရေပြား ပြဿနာ

play

အချိုအစားများမှုကို အရင်ဆုံး သတိပြုမိစေနိုင်တာက အရေပြား ပြဿနာပါ။ အချိုအစားများတဲ့အခါ ဝက်ခြံထွက်ခြင်း၊ အရေပြားအရောင် မမှန်ခြင်း၊ နှင်းခူနာ စတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေ အဆီပြန်ခြင်း သို့မဟုတ် ခြောက်သွေ့နေခြင်းကလည်း ခန္ဓာကိုယ်မှာ သကြားဓာတ်ပမာဏ များပြားနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၇။ ဝဖြိုးမှုနဲ့ ဆီးချို

play

အမျှင်ပရိုတိန်း မပါဝင်တာကြောင့် အချိုဓာတ်က ဗိုက်ပြည့်ကျေနပ်သွားတာမျိုး သိပ်မဖြစ်စေဘဲ နောက်ထပ် အချိုအစားအစာတွေ ထပ်စားမိပြီး ဝိတ်တက်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။
Source & Photo: Daily Health
DUWUN

No comments:

Post a Comment