ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းလာသည့် မြန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှမိုးအောင်ကို ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ဦးလှမိုးအောင်သည် လွှတ်တော်ထဲတွင် အနေအေးပြီး ထိရောက်သောအဆိုနှင့် မေးခွန်များကို တင်သွင်းနိုင်ခဲ့ကြောင်း၊ ၎င်း၏ နယ်မြေတွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူများက ကျေနပ်မှုရှိခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ နိုင်ငံရေးနှင့်ပါတီလှုပ်ရှားမှု နောက်ခံ သမိုင်းကောင်းမွန်မှုကြောင့် ဝန်ကြီးချုပ်တာဝန်ပေးအပ်ခံရခြင်း ဖြစ်နိုင်ကြောင်း မြန်အောင်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ပြောသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော မန်းဂျော်နီမှာ ကျန်းမာရေးအခြေအနေအရ ရာထူးမှ နုတ်ထွက်စာတင်ခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတက နုတ်ထွက် ခွင့်ပြုခဲ့သည်။
အဆိုပါ ဝန်ကြီးချုပ်နေရာ လစ်လပ်နေသဖြင့် ယနေ့ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြုခဲ့သည်။
The Voice

No comments:
Post a Comment