ဒေါက်တာ အေးမောင်အား စစ်တွေမြို့နယ် တရားသူကြီးထံတွင် ချုပ်ရမန်ရယူကာ စစ်တွေ အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃)နှစ်မြောက် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်က ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ် လောက်သာထားရှိပြီး တန်းတူအခွင့် အရေးမပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်းနှစ်ခု သာရှိကြောင်း၊ လက်နက်ကိုင်တော်လှန် ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်း ဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအား နည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း စသည်တို့ အပါအဝင် ဟောပြောခဲ့သဖြင့် ယခုကဲ့သို့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ကာ ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင် ခံရခြင်းဖြစ်ကြောင်း သိရသည်။
Photo - Arakan Nation Party
The Ladies News

No comments:
Post a Comment