ယမန်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန် က ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မူဆယ်မြို့၊ မန့်ဝိန်းရပ်၊ ပန်လုံ(၅)လမ်း၊ လူကုန်ကူးခံရ သူများစောင့်ရှောက်မှုဂေဟာအနီးအရောက် ကျန်ဆူးပြည်နယ်၊ တုန်းထိုက်မြို့နေ တရုတ်နိုင်ငံသား လူတုန် တုန့်(၂၅)နှစ်ပါ(၁၂)ဦးအား တွေ့ရှိခဲ့ပါသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူပူးပေါင်း၍ စစ်ဆေးခဲ့ရာ ၎င်းတို့(၁၂)ဦးသည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ စက်လှေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရ သဖြင့် လူတုန်တုန့် ပါ(၁၂)ဦးတို့အား မူဆယ် မြို့မ ရဲစခန်း(ပ)၂၅/၂၀၁၈၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။
Lashio Media

No comments:
Post a Comment