Monday, January 29, 2018

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်ကို စစ်တွေပြန်ပို့၊ မိသားစုများတွေ့ခွင့်မရခဲ့


ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ယနေ့ နံနက် ၁၀ နာရီကျော်က ရသေ့တောင်မြို့နယ် တရားရုံးတွင် ရုံးတင်ပြီး ယခုအခါ စစ်တွေသို့ ပြန်ယူဆောင်သွားပြီဟု သိရသည်။
သူတို့ တွေ့ဆုံရန်လာကြသည့် ကိုဝေဟင်အောင်ဇနီး ဒေါ်အေးအေးနွယ်နှင့် အစ်ကို ဦးသိန်းဝင်းတို့မှာ တွေ့ခွင့်မရခဲ့သလို ဒေါက်တာအေးမောင် မိသားစုဝင်များလည်း တွေ့ခွင့် မရခဲ့ကြောင်း မိသားစုများက ပြောကြားသည်။

ထိုသို့ တွေ့ခွင့်မရခြင်းအပေါ် အထူး စိတ်မကောင်းကြောင်း ဦးသိန်းဝင်းက ပြောကြားသည်။

ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့အား မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားရုံးတင်ခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) ဖြင့် စစ်တွေတွင် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ရုံးတင်မည်ဖြစ်ကြောင်း ရသေ့တောင်မြို့တွင် သတင်းယူရန် ရောက်နေသည့် နိရဉ္စရာ သတင်းထောက် စံမောင်သန်းက ပြောကြားသည်။


Narinjara

No comments:

Post a Comment