ရခိုင်အမျိုးသားပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်ခွင့်တင်ထားသည့်
ဒေါက်တာအေးမောင် ထိန်းသိမ်းခံ လိုက်ရခြင်းနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုစရာမရှိဟု ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးဘရှိန်က Popular News ကို ပြောသည်။
ယနေ့နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်ကို
ထိန်းသိမ်းလိုက်ပြီး၊ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး က ပြောဆိုထားသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် မေယုရင်သွီး လူမှုကူညီရေးအသင်းက ဦးဆောင်ပြုလုပ်ခဲ့သော ၂၃၃ နှစ်ပြည့် ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်စာပေဟောပြောပွဲ၌ ဟောပြောချက်များနှင့်စပ်လျဉ်း၍ စာရေးဆရာ ဝေဟင်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့နှင့်အတူ ယင်းဟောပြောပွဲကို ဦးဆောင်ပြုလုပ်ခဲသည့် ရသေ့တောင်မြို့နယ်၊ အရှေ့တောင်ရပ်ကွက်နေ ဦးမောင်ဘသန်း(မေယုရင်သွီး လူမှုကူညီရေးအသင်း) တို့ကို ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ တရားစွဲဆိုရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးအား ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၆ အရ နိုင်ငံတော် သမ္မတ မှ အခွင့်အာဏာအပ်နှင်းထားသည်ဟုသိရသည်။
ထို့အပြင် မြောက်ဦးမြို့နယ် ဖြစ်စဉ်များတွင် ဦးဆောင်ပါဝင်သည့် ဦးစံလှဘော်နှင့် ပူးပေါင်းကူညီသူများကို ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ တရားစွဲဆိုရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းအားလည်း ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၆ အရ နိုင်ငံတော် သမ္မတ မှ အခွင့်အာဏာအပ်နှင်းလိုက်ပြီးဖြစ်ကြောင်းသိရသည်။
Popular

No comments:
Post a Comment