Saturday, January 27, 2018

ဝေဖန်မှု ထွက်နေသည့် ကျပ်လေး ဘီလီယံကျော် ကိစ္စနှင့် မြောက်ဦးကိစ္စ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူမည်


ရခိုင်ပြည်နယ်အစိုးရက အလွဲသုံးစားလုပ်ထားသည်ဟုဆိုကာ ဝေဖန်မှုထွက် နေသည့် ကျပ်လေးဘီလီ ယံကျော်ကိစ္စနှင့် မြောက်ဦးကိစ္စဆွေးနွေးရန် အရေးပေါ်လွှတ်တော်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။ 


အဆိုပါအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်(တနင်္လာနေ့)တွင် ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည် နယ်လွှတ်တော်ရုံးမှ သိရသည်။

''အစိုးရပိုလျှံငွေကျပ်လေး ဘီလီယံကျော်ကို ရခိုင်ပြည်နယ်အစိုးရက အလွဲသုံးစားလုပ်ထားတဲ့ကိစ္စ အဓိကဆွေးနွေးဖြစ်မယ်။ နောက်ပြီး မြောက်ဦးဖြစ်စဉ်ပေါ့'' ဟု ရခိုင်ပြည်နယ်လွှတ်တော်၏ ဥပဒေအကြံပေး အဖွဲ့ဝင် ဦးကောင်းစံရှီက ပြောသည်။

ယင်းအပြင် အဆိုပါအစည်းအဝေးတွင် ပြီးခဲ့သည့်အပတ်က မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုဖြစ် စဉ်နှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့်စုံစမ်းရေးအဖွဲ့ကို ယင်းနေ့တွင် အတည်ပြုသွားမည်ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် များကဆိုသည်။

GC
#democracytoday

No comments:

Post a Comment