ရခိုင်ပြည်နယ် ပဋိပက္ခကိုအကြောင်းပြုပြီး လူနေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံနယ်စပ် (မြန်မာနိုင်ငံနှင့် နီးသော နယ်မြေတွင်) ရောက်ရှိနေထိုင်နေသော ဘင်္ဂါလီ ၆၅၀၀ တွင် ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အချို့၏ သားသမီးများ ပါဝင်နေသည်ဟု သတင်းရရှိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နှစ်နိုင်ငံ နယ်စပ်ရှိ မြန်မာဘက်ခြမ်းနှင့် နီးသည့်နေရာတွင် နေထိုင်နေသော ဘင်္ဂါလီ ၆၅၀၀ တွင် အကြမ်း ဖက် အဖွဲ့အစည်းဝင်များ ပါဝင်သည်ကို သတင်းရထားသဖြင့် ၎င်းတို့ကို စာရင်းများ ကောက်ယူပြီး အကြမ်း ဖက်စာရင်း ၁၃၀၀ တွင် ပါ မပါ ပြန်စိစစ်နေကြောင်း၊ ယင်းဒုက္ခသည်များတွင် ARSA ခေါင်းဆောင်ပိုင်းအချို့ ၏ သားသမီးများ ပါဝင်နေသည်ဟု သတင်းရထားကြောင်း၊ လူနေထိုင်ခွင့်မရှိသည့် အဆိုပါနေရာတွင် ရောက်ရှိနေသော ဘင်္ဂါလီ ၆၅၀၀ ကို အဖွဲ့အစည်းများက စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ထောက်ပံ့ကူညီ မှုပေးနေပြီး မြန်မာနိုင်ငံဘက်က လုံခြုံရေးအရ ဆောင်ရွက်လာလျှင် နိုင်ငံတကာဖိအား ထပ်တိုးလာစေရန် ထောင်ချောက်ဆင်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဒီအဖွဲ့တွေကို စာရင်းကောက်မယ်၊ သူတို့ရဲ့ အချက်အလက်တွေ ရပြီဆိုရင် အကြမ်းဖက်သမား ပါ မပါကို ကျွန်တော် စိစစ်မယ်၊ ပြန်ပိုမယ့် ၈၀၀၀ က သီးခြားဖြစ်တယ်။ ဒါကိုလည်း လဝက စာရင်းနဲ့ တိုက်စစ်မယ်”ဟု ၎င်းကဆိုသည်။
ဘင်္ဂါလီ ၆၅၀၀ နေထိုင်သည့်နေရာသည် No Man's Land (ပဋိပက္ခကြောင့် လူနေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ) ဖြစ်သဖြင့် ယင်းဧရိယာအတွင်း မည်သူမျှ နေထိုင်ခွင့် မရှိကြောင်း၊ ၎င်းတားမြစ်မြေကို ဝင်ရောက်နေထိုင်ခြင်းမှာ ဥပဒေနှင့် ညီညွှတ်မှုမရှိသဖြင့် NGO အဖွဲ့ ကူညီထောက်ပံ့မှုများကို အသိပေးနေ ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
The Voice

No comments:
Post a Comment