လက်ရှိ ကျင့်သုံးနေသည့် စည်ပင်ဥပဒေကိုပယ်၍ လွှတ်တော်ရေးရာကော်မတီမှ တင်ပြထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို အတည်ပြုပါက စည်ပင်ရွေးကောက်ပွဲများ မြန်မြန် လုပ်နိုင်မည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ၂၂ ရက် ရန်ကုန်မြို့ အောကစ်ဟိုတယ် ၌ ကျင်းပသော ပူးပေါင်းဆယ့် တစ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဒေါက်တာညိုညိုသင်းက ပြောသည်။
ဒီလိုမဟုတ်ဘဲ လွှတ်တော်ရေးရာ ကော်မတီက တင်ထားတဲ့ ဥပဒေကြမ်းနဲ့ အတည်ပြု လိုက်ရင်တော့ စည်ပင်ရွေးချယ်ပွဲ မြန်မြန် လုပ်နိုင်ပြီး ရန်ကုန်လူထု အတွက်လည်း မြန်မြန် အကျိုးရှိတာတွေ လုပ်နိုင်မယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသည် ဖေဖေါ်ဝါရီ၂၀ ရက် က ရန်ကုန် Summit Parkview hotel ၌ ပြုလုပ်သော ရန်ကုန်စည်ပင်ဥပဒေမူကြမ်း အလွှာစုံဆွေးနွေးမှုမှ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်သင့်သည့် အချက်များကို လွှတ်တော်နှင့် အစိုးရထံ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ တင်ပြမည့် အကြောင်းအရာများကို ရှင်း လင်းတင်ပြခြင်းဖြစ်ကြောင်းသိရသည်။
''ဥပဒေကြမ်းထဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အသက် ၁၈ နှစ်ကစဖို့ ကျွန်မတို့ တောင်းဆိုတယ်။ နောက် မြို့တော်ဝန်ကို လူတွေကတိုက်ရိုက်ရွေးဖို့ အချက် ဒါကိုလည်း တောင်းဆိုထားတယ်။ နောက်ကော် မတီဝင်တွေကို ရွေးချယ်ပြီး လူထုအတွက် အကျိုးမပြုရင် ပြန်ရုပ်သိမ်းပိုင်ခွင့် ဒါတွေလည်းပါတယ်။
ဒီအချက်တွေကို ကျွန်မတို့ ပူးပေါင်းအဖွဲ့က အားလုံး ၁၅ ချက်ပေါ့။ အစိုးရရော
လွှတ်တော်ကိုပါ ဖေဖေါ်ဝါရီ၂၆ ရက်မှာ ပေးပို့သွားမှာပါ''ဟု
ပူးပေါင်းအဖွဲ့ဆယ့်တစ်ဖွဲ့မှ သဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
AKon Thi
AKon Thi

No comments:
Post a Comment