Tuesday, February 20, 2018

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဟာ လွှတ်တော်ရဲ့သဘောတူညီချက်မယူဘဲ စီမံကိန်းကြီးတွေလုပ်နေတယ်လို့ လွှတ်တော်အမတ်ဝေဖန်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ စီမံကိန်းကြီးများ၊ လုပ်ငန်းကြီးများလုပ်ဆောင်ရာမှာ လွှတ်တော်ရဲ့ သဘောတူညီချက်မယူဘဲ ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်မှာ တာမွေမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းမြင့်က ဝေဖန်ပြောဆိုပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၆) ရက်မြောက်နေ့  မှာ တာမွေမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ”မြန်မာနိုင်ငံ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ အစိုးရအဖွဲ့ အနေနဲ့ စီမံကိန်းကြီးများဆောင်ရွက်ရာမှာ လွှတ်တော်ကို တင်ပြ၊ သဘောတူညီ ချက်ရယူပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိ”မေးခွန်းကို ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ အခုလိုမေးမြန်းရာမှာ သူက ထည့်သွင်းပြောသွားတာလည်းဖြစ်ပါတယ်။

”ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ စီမံကိန်းကြီးများ၊ လုပ်ငန်းကြီးများလုပ်ဆောင်ရာမှာ လွှတ်တော် ရဲ့သဘောတူညီချက်မယူဘဲ ဆောင်ရွက်နေတာကို လက်ရှိအနေအထားအရ တွေ့ ရပါတယ်”လို့လဲ ဦးသိန်းမြင့် က ပြောပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ မှာ တိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ်အစိုးရဟာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒများ၊ ဥပဒေများနဲ့  မဆန့် ကျင်စေဘဲ တိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းများနဲ့ စပ်လျဉ်းတဲ့ စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒီအချက်ကို လွှတ်တော်မှာ သူက ထောက်ပြခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး ဦးမြင့်သောင်းကတော့ ရန်ကုန်တိုင်း အတွင်း လုပ်ဆောင်မယ့်စီမံကိန်းများကိုရေးဆွဲရာမှာ ပြည်သူတွေရဲ့အသံကို ယူပြီး ပြည်သူတွေလိုအပ်နေတဲ့ စီမံကိန်းမျိုးကို အောက်ခြေမှအပေါ်အဆင့်ထိ ရေးဆွဲတဲ့နည်းစနစ်နဲ့ ရေးဆွဲနေတာဖြစ်တယ်လို့ ပြန်လည်တုံ့ ပြန်ဖြေကြားပါတယ်။

”ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဟာ အခြေခံဥပဒေကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်းကို အသိပေး တင်ပြလိုပါတယ်” လို့လဲ ဦးမြင့်သောင်းကပြောပါတယ်။

ဆက်လက်ပြီး ” အထူးသဖြင့် သက်ဆိုင်ရာ မြို့ နယ်အသီးသီးမှာလိုအပ်နေတဲ့လမ်း၊ မီးပေးရေးလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်းများ စတဲ့ အခြေခံလိုအပ်ချက်များကို မြို့ နယ်အဆင့်ကနေ တိုင်းအဆင့် ထိရောက်အောင် အောက်ခြေမှ အပေါ်အဆင့်သို့ ဆိုတဲ့ ရေးဆွဲတဲ့နည်းစနစ်နဲ့ စပြီးရေးဆွဲပါတယ်” လို့  သူကပြောခဲ့ပါတယ်။

ဖြိုးထက်အောင်
Popular News Journal

No comments:

Post a Comment