ရခိုင်ပြည်နယ်၌ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုသူများကို မသမာသည့်နည်းဖြင့် ဖြေဆိုပါက စာဖြေဆိုခန်းအတွင်းမှ ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း၌ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/သူ အရေအတွက်မှာ ယခင်နှစ်ထက် နှစ်ထောင်ကျော်ခန့် တိုးလာခဲ့ပြီး ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွင်း မသမာနည်းဖြင့် ဖြေဆိုသူများကို စာဖြေခန်းမှ ထုတ်ပယ်မှုအထိ အရေးယူမှု မရှိခဲ့သော် လည်း ယခုအခါ ယင်းသို့ မသမာသည့် နည်းဖြင့် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထုတ်ပယ် သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မသမာသည့်နည်းလမ်းကို အသုံးမပြုခြင်းဖြင့် မိမိတို့၏ ပုံရိပ်၊ လူမျိုးတစ်မျိုး၏ပုံရိပ်ကို ထိန်းသိမ်းကြဖို့ လိုကြောင်းဖြင့် ရခိုင်ပြည်နယ် ပညာရေးမှူးက ပြောသည်။
Photo - ရခိုင်ပြည်နယ် ပညာရေးမှူးရုံး FB
The Ladies News

No comments:
Post a Comment