Wednesday, February 28, 2018

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ပေါင်းတည်တွင် ဆန္ဒပြ


ပြည်သူ့ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူများထံမှ သိရသည်။


အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့် ပြည်မြို့၊ ပေါင်းတည်မြို့တို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ရာခန့်တို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

“၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူ ကိုအကျိုးမပြုဘူး။ တရားဥပဒေစိုးမိုးရေး အတွက်လည်းအကျိုးမရှိဘူး။ ပြည်သူလူထု အခွင့်အရေး မရရှိအောင် ရေးဆွဲထားတဲ့ ဥပဒေဖြစ်လို့ အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြရတာပါ”ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ဦးချစ်ကိုက ပြောဆိုသည်။

“ဒီ ၂၀၀၈ သဘာဝ ဘေးအန္တရာယ် ဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် အကျိုးဖြစ်စေမယ့်၊ ပြည်သူကိုလည်း အကျိုးမဖြစ်ထွန်း၊ နိုင်ငံကိုလည်း အကျိုးမဖြစ်စေတဲ့ တစ်ဖက်သတ် ရေးဆွဲထားတဲ့ ဥပဒေဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ဖျက်သိမ်းချင်တာပါ”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးခင်မောင်နိုင်က ပြောဆိုသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အတည်ပြု ဆန္ဒခံယူပွဲပြု လုပ်ခဲ့ပြီး ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံထားကြောင်း ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

The Voice

No comments:

Post a Comment