Monday, February 19, 2018

မွန်၊ လားဟူအဖွဲ့နှင့် ယခင်အပစ်ရပ်ရှစ်ဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


မကြာမီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)လက်မှတ် ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နှင့် ယခင် NCA လက်မှတ်ထိုးရှစ်ဖွဲ့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိ နှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ စတင်ခဲ့သည်။
အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုး၊NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာတို့ အပါအဝင် NCA လက်မှတ်ထိုးအဖွဲ့များမှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်သည်။

‘‘အရင်က ရှစ်ဖွဲ့ရှိတယ်။ အခု နှစ်ဖွဲ့ထပ်တိုးလာတော့ ၁၀ ဖွဲ့ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ ၁၀ ဖွဲ့က NCA လုပ်ငန်းစဉ်ရဲ့ အကောင်အထည်ဖော်မှုမှာ လို အပ်တဲ့ JICM တို့၊ UPDJC တို့၊ JMC တို့ စသည်ဖြင့်ပေါ့နော်။ ဒီယန္တရားတွေမှာ ကျွန်တော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြ မယ်ဆိုတာကို ညှိနှိုင်းကြတာပါ’’ ဟု KNU အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမှူးက ပြော သည်။

ယခင်အစိုးရလက်ထက် တွင် NCA လက်မှတ်ထိုးရှစ်ဖွဲ့ရှိ ရာ လက်ရှိအစိုးရလက်ထက် ယခု နှစ်ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန် ပြည်သစ်ပါတီ (NMSP)နှင့် လား ဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ NCA တွင် ပါဝင်လက် မှတ်ထိုးခဲ့သည်။

NMSP နှင့် LDU တို့အနက် NMSP သည် NCA အရ ဖွဲ့စည်း ထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နှင့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)စသည့် စုဖွဲ့မှုများပါဝင် ခွင့်ရရန် သေချာသော်လည်း LDU အဖွဲ့က မသေချာသေးကြောင်း တိုင်းရင်းသားအဖွဲ့ ကိုယ်စား လှယ်များက ပြော သည်။

LDU သည် အစိုးရနှင့် နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိ၍ JMC နှင့် JICM တို့တွင် ပါဝင်ခွင့်မရှိသော်လည်း UPDJC တွင် ပါဝင်ခွင့်ရရေး ယခင်လက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့၏ သဘောထားအပေါ်မူတည်ကြောင်း LDU ဒုဥက္ကဋ္ဌဗိုလ်မှူးကြီး ဆော်လမွန်က ဆိုထား သည်။

အစည်းအဝေးကို ဖေဖော် ဝါရီ ၁၉ ရက်အထိ ဆက်လက်ပြု လုပ်မည်ဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားလှယ် များနှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးဆိုင်ရာများ ဆွေး နွေးမည်ဖြစ်သည်။

7Day

No comments:

Post a Comment