မြန်မာအစိုးရသည်
မြောက်ကိုရီးယားထံမှ လက်နက် ထပ်မံဝယ်ယူမှုမရှိကြောင်းနှင့်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင် ရွက်ကြောင်း
သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက 7Day Daily သတင်းစာအား ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက
ထုတ် ပြန်ထားသည့် အမှီအခိုကင်း သော ကုလသမဂ္ဂစောင့်ကြည့်သူ များ၏
အစီရင်ခံစာတွင် မြောက် ကိုရီးယားသည် ဆီးရီးယားနှင့် မြန်မာနိုင်ငံသို့
လက်နက်များ ရောင်းချခဲ့သည်ဟု ဖော်ပြထား သည့်အပေါ် ကုလဆိုင်ရာ မြန်မာ
သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က ငြင်းဆိုခဲ့ပြီး
လက်နက် ဝယ်ယူမှုအသစ်မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က
အတည်ပြုပြောကြားသည်။‘‘ကျွန်တော်တို့ အစိုးရပိုင်း က သိသလောက်မရှိဘူးဗျ။ နောက်ထပ် ဝယ်ယူမှုအသစ်တွေ ပေါ့နော်။ ဝယ်ယူ မှုအသစ်တွေ မရှိဘူးလို့ သိရတယ်’’ဟု ဦးဇော် ဌေးက ပြောသည်။
သို့သော် ယခင်က မြန်မာ အစိုးရသည် မြောက်ကိုရီးယားထံမှလက်နက်ဝယ်ယူမှုများရှိခဲ့ ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး မစ္စတာလီဆန်ဟွာက အတည်ပြုပြောကြားသည်။
မစ္စတာလီဆန်ဟွာက လက်ရှိ မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့်လက်နက်အရောင်းအ ဝယ်ပြုလုပ် မည်မဟုတ်ဟု ယုံကြည်ကြောင်း 7Day Daily သတင်းစာနှင့် သီးသန့်ပြုလုပ် သော အင်တာဗျူး၌ ဖြေကြား သည်။
‘‘သမ္မတ ဦးထင်ကျော်၊ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့က လက်နက်အရောင်းအဝယ် မလုပ်ဘူးလို့ လုံးဝယုံကြည်တယ်။ သူတို့ မလုပ် ဘူးဆိုတာလည်း သေချာပါတယ်’’ဟု မစ္စတာလီဆန်ဟွာက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးထင် ကျော်၏ ဂျပန်နိုင်ငံခရီးစဉ်တွင် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ မြန်မာ အစိုးရသည့် မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုကို အတတ်နိုင်ဆုံး တိုးမြှင့်ရန်နှင့် အရေးယူပိတ်ဆို့ရာ၌ ယိုပေါက်၊ ဟာပေါက်မရှိစေရေး ပိုမိုခိုင်မာတင်းကျပ်စွာ ဆောင် ရွက်ရန် ဂျပန်အစိုးရနှင့် သဘော တူညီချက် ရရှိခဲ့သည်။
7Day






0 comments:
Post a Comment