Friday, February 16, 2018

ဘင်္ဂါလီဒုက္ခသည်ပြဿနာအဓိကအကြောင်းရင်းများကို ဖြေရှင်းရန် အချိန်ကျပြီဟု လုံခြုံရေးကောင်စီပြော


ဘင်္ဂါလီဒုက္ခသည်ပြဿ နာဖြစ်ပွားရသည့် အကြောင်းရင်း များသည် မြန်မာနိုင်ငံ၌ အစပြု သောကြောင့် ယင်းပြဿနာအ တွက် အဖြေများကို မြန်မာနိုင်ငံတွင် ရှာဖွေရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်၌ ပြောသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့ဖြစ်မှုပြဿနာ ဖြေရှင်းရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံရေး ကိစ္စများဆိုင်ရာ လက်ထောက်အ တွင်းရေးမှူးချုပ် မီရိုဆလေ့ဗ်ဂျန် ကာက သံတမန်များအား ရှင်း လင်းပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ လူအားလုံး၏ဘဝအခြေအနေတိုးတက်စေ ရေး ကိုဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဖော်ပြခဲ့ပြီးဖြစ်ကြောင်း မစ္စတာဂျန်ကာက ပြောသည်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၌ ဖော်ပြထားသကဲ့သို့ မြန်မာအစိုးရ အနေဖြင့် လူ့အသိုင်းအဝိုင်းများကြား အတူယှဉ်တွဲနေထိုင်မှု တိုးတက်စေရေး ဦးဆောင်ကြိုးပမ်းရန်၊ ဆွေးနွေးရန်ဖြစ်နိုင်သော အခြေအနေတစ်ရပ်ဖန်တီးရန်၊ ရခိုင်နှင့် ဘင်္ဂါလီအသိုင်းအဝိုင်းများကြား အခြေခံ လူ့အခွင့်အရေးများကို လေးစားရေးနှင့် သည်းခံမှုတန်ဖိုးများ မြင့်မားရေးဆောင်ရွက်ရန်၊ နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် မိမိတို့ တိုက်တွန်းကြောင်း မစ္စတာဂျန်ကာက ပြောသည်။

ပြဿနာ ဖြစ်ပွားရသည့် အဓိကရင်းမြစ်များကို ဖြေရှင်း ရေးသည် ယင်းပြဿနာအတွက် ရေရှည် စစ်မှန်သော အဖြေတစ်ခု အသေအချာရရှိရေး အခြေခံကျသော အချက်ဖြစ်ကြောင်း ၎င်းက ပြောပြီး ပြဿနာသည် နိုင်ငံ မဲ့မှုဖြစ်ကာ ယင်းကို ဖြေရှင်းရမည်ဟု​ ၎င်းက ပြောသည်။

အင်္ဂါနေ့က ပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ဆွစ်ဇာလန်နိုင်ငံကနေ၍ ဗီဒီယိုလိုင်းဖြင့် ဆက်သွယ်ကာ ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာရန် အခြေအနေများ အဆင်သင့်မဖြစ်သေးကြောင်းပြောပြီး ယင်းပြဿနာကို ဖြေရှင်းရေး မြန်မာနိုင်ငံ၌ အဖြေရှာရမည်ဟု ပြောကြားသည်။

7Day
 

No comments:

Post a Comment