ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း လုပ်ဆောင်နေသော မြန်မာဝမ်ပေါင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ကို ဆန္ဒပြခဲ့သူများအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒပြခဲ့မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဒေသခံငါးဦးကို အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“တရုတ်နိုင်ငံသားတွေကို မုန်းတာမဟုတ်ဘူး။ လက်ပံတောင်းကမြေတွေ မတရားသိမ်းပြီး ဦးပိုင်နဲ့ပေါင်းတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ကြောင်း တရုတ်ပြည်သူတွေသိစေဖို့ တရုတ်အခေါင်းနဲ့ တရုတ်အလံ မီးရှို့ကျိန်စာတိုက်တာ”ဟု ဒေသခံ ဒေါ်ရီဝင်းက ပြောဆိုသည်။
ယင်းသို့ဆန္ဒထုတ်ဖော်မှုကို ဆားလင်းကြီးမြို့နယ် ရဲမှူးဌေးဝင်းက တရားလိုပြုကာ မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်၊ ဆည်တည်းရွာမှ ဒေါ်ခင်ငြိမ်း၊ ဒေါ်ရီဝင်း၊ တုံရွာမှ ဒေါ်စန္ဒာနှင့် ဒေါ်စန်းနွဲ့တို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ ပြစ်မှု ပုဒ်မ(ပ) ၄၂ / ၂၀၁၈ဖြင့် ဆားလင်းကြီးမြို့မစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းစခန်းထံမှ သိရသည်။
The Voice

No comments:
Post a Comment