Friday, February 23, 2018

ပြည်သူကိုအလေးမထားသည့် NLD ခေါင်းဆောင်များအလိုမရှိဟု ဇီးကုန်းမြို့တွင် ဆန္ဒပြ


ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်းမြို့မှာ  ဖေဖော်ဝါရီ ၂၃ ရက် မနက်က  ဇီးကုန်း မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေကို   မြို့ခံ ၃၀လောက်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက  ဇီးကုန်းမှာ ပြည်သူကိုအလေးမထား NLD ခေါင်ဆောင်များ အလိုမရှိ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ဆောင်ခဲ့သော NLD ခေါင်ဆောင်များ အလိုမရှိ၊ နိုင်ငံရေးအမည်ခံ နိုင်ငံရေး လုပ်စားသူများ ကျရှုံးပါစေ၊ အမေစု ကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့  ဦးယောလမ်းမှ ဇီးကုန်းမြို့နယ်NLD ပါတီရုံးရှေ့အထိ စီတန်းလှည့် လည်ခဲ့ကြတာပါ။

ဆန္ဒပြပွဲ  ဦးဆောင်သူ ဦးသန်းအောင်က“ကျနော်တို့ ဇီးကုန်းမြို့မှာ NLD ပါတီသမိုင်း မရိုင်းရအောင်နဲ့ ဇီးကုန်းမြို့နယ်ပါတီခေါင်းဆောင်တွေ မမှန်မကန်လုပ်ဆောင်နေတာကို အများပြည်သူသိအောင် လုပ် တာဖြစ်တယ်”လို့ ပြောပါတယ်။

မြို့နယ်ပါတီခေါင်းဆောင်တွေ မမှန်မကန် လုပ်ဆောင်နေတာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာပါတီဗဟိုက အထက်လူကြီးတွေသိအောင် စာတင်ထားတယ်လို့လည်းပြောပါတယ်။

သတင်း -မေသွယ်
DVB

 

No comments:

Post a Comment