နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ လယ်တွင် ဩစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ မတ်လလယ်တွင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်းပမည့် အာဆီယံ- ဩစတြေးလျ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် ဖိတ်ကြား ခံထားရပြီး သွားရောက်ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
မတ်လ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် အဆိုပါ အာဆီယံ - ဩစတြေးလျ ထိပ်သီး အစည်းအဝေးကို ဩစတြေးလျနိုင်ငံက အိမ်ရှင်အနေနှင့် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး ဩစတြေးလျဝန်ကြီး ချုပ်ဖြစ်သူြေူခသွှူာကမညဘကူကလည်း အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အာဆီယံခေါင်းဆောင် အားလုံး ကို ဖိတ်ကြားထားကြောင်း ဩစတြေးလျ အစိုးရက ထုတ်ပြန်ထားသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံနှင့် ဩစတေးလျ နိုင်ငံများအကြား စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး အထူး အကြောင်းအရာ နှစ်ခုအနေနှင့် စီးပွားရေး၊ အကြမ်းဖက်ဝါဒ တန်ပြန်တုံ့ပြန်ရေးတို့ကို ဦးစားပေး အကြောင်းအရာများအဖြစ် ဆွေးနွေးသွားမည်ဟု အာဆီယံ တရားဝင် ဝက်ဘ်ဆိုက်ကလည်း သတင်းထုတ်ပြန်ထားသည်။
The Voice

No comments:
Post a Comment