Monday, April 30, 2018

မောင်တောမြောက်ပိုင်း မြဝတီကျေးရွာအနီး အကြမ်းဖက်ဘင်္ဂါလီ(၃)ဦး ဖမ်းဆီးရမိ


မောင်တောမြို့ မြဝတီကျေးရွာအနီး ရဲမှူးဇော်ဝင်းထွန်းဦးစီးသောအဖွဲ့သည် ဧပြီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် လှည့်ကင်းဆောင်ရွက်နေစဉ် နတ်ချောင်းကျေးရွာအုပ်စု (ဖောင်ဆိပ်) အရပ်၌ ထမင်းဟင်းချက်ပြုတ်စားသောက်နေသည့် မီးဖိုများကို မသင်္ကာဖွယ်တွေ့ရှိ၍ ပိုက်စိပ်တိုက်ရှာဖွေစဉ် အကြမ်းဖက်သမားဟုယူဆနိုင်သည့် ဘင်္ဂါလီ(၃)ဦးကို လက်နက်အချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နတ်ချောင်းကျေးရွာ အုပ်စု တာဝန်ခံက အတည်ပြုသည်။

ဖမ်းဆီးရမိသူများမှာ (၁) မာမတ်တာဟဲ့(၃၆)နှစ် ၊ (၂) မူဟာမတ်ဇူဘိုရ်(၁၉)နှစ် ၊ (၃) မူဟာမတ်ဂျာဘိုင်(၂၆)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“သူတို့က လျှို့ဝှက်စွာနေထိုင်ပြီး ထမင်းဟင်းချက်ပြုတ်စားသောက်နေတာပါ။ သူတို့မှာ ဘင်္ဂလားဖုန်းနှစ်လုံးပါပါတယ်။ ဘင်္ဂလား SMS Card တွေပါပါတယ်။ ဘင်္ဂလားဖက်က အကြမ်းဖက်သမားတွေနဲ့ အမြဲအချိတ်အဆက်လုပ်ပြီး လျှို့ဝှက်စွာနေထိုင်နေတာပါ။ ဓားနှစ်ချောင်းပါပါတယ်။ နောက်ပြီး ဘင်္ဂလားငွေတွေလည်း ပါပါတယ်။ သက်ဆိုင်ရာက သူတို့ကို စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေပါတယ်"လို့ ပြောသည်။

မယ်သဇင်ခိုင်
News Watch

No comments:

Post a Comment