ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း တစ်သောင်းကျော်ရရှိထားပြီဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ယခင်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေ ကျပ် ၈၄၇၂ သိန်း၊ ပထမအကြိမ်လှူဒါန်းရရှိငွေ ကျပ် ၂၇၀၅ သိန်းနဲ့ နောက်ထပ် လှူဒါန်းငွေ ကျပ် ၄၀၀ သိန်း စုစုပေါင်းလှူဒါန်းရရှိငွေမှာ ကျပ် ၁၁၅၇၇ သိန်း ရရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၂၄ရက်က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့ ဒုတိယအကြိမ် လှူဒါန်းငွေ ပေးအပ်ပွဲမှာလည်း အလှူငွေ စုစုပေါင်း ငွေကျပ် သိန်း ၇၄၀ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်မှာ အပြီးရိုက်ကူးပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင်ရုံတင်ပြသနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကပြောထားပါတယ်။
ဓာတ်ပုံ-MOI
DVB

No comments:
Post a Comment