တရုတ်နိုင်ငံ အနောက်ပိုင်း စင်ကျန်းဒေသမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ပြစ်ဒဏ်ခတ် အရေးယူမယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန ဒု-လက်ထောက်ယာယီဝန်ကြီး Laura Stone က မနေ့က ပြောကြားလိုက်ပါတယ်။
ဝှီးဂါးတွေနဲ့ တခြားမွတ်ဆလင်တွေကို တရုတ်နိုင်ငံက ထောင်နဲ့ချီ ဖမ်းဆီးထားတာ ကို အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။
မွတ်ဆလင် ၁၀ သန်းကျော်လောက်နေထိုင်နေတဲ့ စင်ကျန်းဒေသက ဘာသာရေး အစွန်းရောက်တွေနဲ့ ခွဲထွက်ရေးသမားတွေပေါ်ဆောင်ရွက်တာဟာ အကြမ်းဖက်မှုအတွက် ပြည်သူကဆင်နွှဲတဲ့ စစ်ဖြစ်တယ်လို့ တရုတ်က ချေပပြောကြားပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ကုန်သူတွေရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးတာအပါအ၀င် တရုတ်နိုင်ငံဟာ တရားမဲ့ အလွန်အကျွံဖမ်းဆီးအရေးယူနေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
RFA

No comments:
Post a Comment