ဆေးရုံများတွင် ဆေးများရှိသည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ ပြောစကားအား သက်သေအဖြစ် သိမ်းထား၍ ဆေးရုံများသို့ ရောက်ပါက ပြသ ကုသရန် ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်း က ဧပြီ ၁၀ ရက် တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ ၌ ရေးသားတိုက်တွန်းထားချက်အရ သိရသည်။
ဒေါက်တာညိုညိုသင်း၏ ရေးသားချက်မှာ တကယ်ဆိုရင် ကောင်းမှာဘဲ။ ဆေးရုံတိုင်းတွင် ဆေးရှိတယ်တဲ့ ၀န်ကြီးပြောစကား စကရင် ရှော့ခ်ဖမ်းကာ သိမ်းထား ၊ ဆေးရုံရောက်ရင် ပြကြဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဧပြီ ၁၀ ရက်က နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေသခံပြည်သူများ မြောင်းမြမြို့နယ်တွင် ကျင်းပသော ငြိမ်းချမ်းရေးစကားဝိုင်း ၌ ဆေးရုံးတွင်ဆေးမရှိဘူး ဟူသော ဒေသခံပြောစကားချက် အပေါ် အတိုင်ပင်ခံက ပြည်ထောင်စုဝန်ကြီးအား လှမ်းခေါ်၍ ဖြေရှင်းခိုင်းရာမှ ဆေးရုံတွင် ဆေးမရှိသည့်ဖြစ်စဉ်မရှိကြောင်း ဆေးရုံတွင် ဆေးများ မှာ များလွန်း၍ သက်တမ်းလွန်ဆေးဝါးအဖြစ်သို့ပင် ရောက်ရှိသွားကြောင်း ၀န်ကြီးက ဆိုသည်။
လက်ရှိ ဆေးရုံများသို့ သွားရောက်ပြသရာတွင် စရိတ်မျှပေး ကျန်းမာရေးစနစ်ဖြစ်ပြီး ဆေးရုံတွင် မရှိသော ဆေးဝါးများကို ပြင်ပမှ ၀ယ်ယူ သုံးစွဲရသည့်စနစ်ဖြစ်ကြောင်း သိရသည်။
Excellent news agency

No comments:
Post a Comment