ဓနသဟာရနိုင်ငံ အစိုးရအဖွဲ့အကြီးအကဲများ ညစာစားပွဲမှာ ဓနသဟာရနိုင်ငံတွေရဲ့ ဥသျှောင်တာဝန်ကနေ အနားယူတော့မယ့် ဗြိတိန်ဘုရင်မကြီးကို ဂါနာ သမ္မတက ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
“ဘုရင်မကြီးဟာ ဓနဿဟာရနိုင်ငံတွေရဲ့ဥသျှောင်အဖြစ် တော်ဝင်တာဝန်ဝတ္တရားတွေ ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ ကျနော်တို့ သိရပါတယ်။ ကျနော်တို့ရဲ့ အခုလို အခမ်းအနားတွေမှာ မချီးမြှင့်တော့မယ့် ဘုရင်မကြီးအတွက် ကျနော်တို့ အားလုံးရဲ့ စိတ်မကောင်းမှုကိုဖော်ပြဖို့ ဒီလိုထူးခြားတဲ့ အခါသမယမှာ ဂုဏ်ပြုပါရစေ” လို့ ဂါနာသမ္မတ နာနာ အာခူဖိုအဒ်ဒို က ပြောပါတယ်။
“၀န်ကြီးချုပ်မေ၊ ဓနသဟာရနိုင်ငံအစိုးရ အဖွဲ့များဆိုင်ရာ အတွင်းရေးမှူးချုပ်နဲ့ လူကြီးမင်းအပေါင်းတို့ ဒီညမှာ အားလုံးကို ကြိုဆိုကြောင်း ပြောပါရစေ။ ဓနသဟာရနိုင်ငံများ ဥသျှောင်အနေနဲ့ ကျမ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ဗြိတိန်နိုင်ငံမှာ အခုလို အခမ်းအနား ကျင်းပရလို့ ၀မ်းသာပါတယ်။ ဒီညစာစားပွဲဟာ ကျမတို့အားလုံး မိတ်ဆွေတွေလို စုဝေးနိုင်ကြဖို့ အခွင့်အလမ်းပါ။ ကျမတို့နဲ့အတူ အခုလို ညစာစားပွဲတက်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့အားလုံး ပျော်ရွှင်သော ညနေခင်းဖြစ်ဖို့ ကျမရဲ့မိသားစုက ဆန္ဒပြုပါတယ်” လို့ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်က တုံ့ပြန် ပြောဆိုခဲ့ ပါတယ်။
DVB

No comments:
Post a Comment