ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဟာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာချုပ်ဆိုခဲ့တဲ့ နှစ်ဖက် အပစ်ရပ် သဘာတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီကနေ့မနက် လွိုင်ကော်မြို့မှာ စတင်တွေ့ဆုံဆွေးနွေးကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြည်နယ်အဆင့်နဲ့ ဒေသအဆင့်ပူးတွဲ စောင့်ကြည့်ရေးကိစ္စတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကိစ္စ၊ လူမှုရေးကူညီထောက်ပံ့မှုကိစ္စ၊ ပြည်နယ်အတွင်း INGOနဲ့ NGOတွေ လုပ်ငန်းဆောင်ရွက်မှုကိစ္စ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနဲ့ လူကုန်ကူးမှုကိစ္စတွေအပြင် ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ ဆက်ဆံရေးတာဝန်ခံတွေ ပြန်လည်ထားရှိရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ကေအန်ပီပီပီက ထုတ်ပြန်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ ဒေသခံနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ – ခွန်တူးတူးလေး
DVB








No comments:
Post a Comment