ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို မနေ့ညနေပိုင်းက သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမမှာ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ သုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန် (ခ) ဦးလျှိုအားပေါက်က လှူဒါန်းငွေကျပ်သိန်း ၃၀၀နဲ့ သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်က လှူဒါန်းငွေကျပ် သိန်း ၁၀၀ စီ လှူဒါန်းခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် လှူဒါန်းရရှိငွေဟာ ယခင်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေ ၈၄၇၂သိန်း၊ ပထမအကြိမ် လှူဒါန်းရရှိငွေကျပ် ၂၇၀၅ သိန်းနဲ့ အခုလှူဒါန်းငွေကျပ် သိန်း ၄၀၀ စုစုပေါင်း ကျပ် ၁၁၅၇၇ သိန်း ရရှိပြီလို့ ဆိုပါတယ်။
DVB

No comments:
Post a Comment