Thursday, April 12, 2018
ကမ္ဘာလှည့်ခရီးသည် ၆၀၀ ကျော် သင်္ကြန်ပွဲဆင်နွှဲ
အမေရိကန်၊ သြစတြေးလျ စတဲ့ ဥရောပနိုင်ငံသားများပါဝင်တဲ့ ကမ္ဘာလှည့်ခရီးသည် ၆၃၀ ဟာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အနီး Love Garden မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်အကြို ဈေးပွဲတော်နဲ့ မြန်မာသင်္ကြန် ဖျော်ဖြေရေး အစီအစဉ်ကို လာရောက်ဆင်နွှဲသွားကြပါတယ်။
Myanmar International Tourism Co.,Ltd ရဲ့ အစီအစဉ်နဲ့ ဧပြီ ၁၂ ရက်မှာ အမေရိကန်နိုင်ငံ အခြေစိုက် Azamara Club Cruise ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MS Azamara Journey ဟာ စင်ကာပူနိုင်ငံ၊ စင်ကာပူ ဆိပ်ကမ်းကတဆင့် မြန်မာအင်တီဂရိတ်တက် လီမိတက်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိကန်၊ သြစတြေးလျ၊ ဥရောပနိုင်ငံသားတွေ ပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသည် စုစုပေါင်း ၆၃၀နဲ့ သင်္ဘောဝန်ထမ်း ၄၀၄ ဦးလောက် လိုက်ပါလာခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ခရီးသည်များ အားလုံးဟာ ဧပြီ ၁၃ ရက်မွန်းတည့် ၁၂ နာရီခန့်မှာ မြန်မာ အင်တီ ဂရိတ်တက် လီမိတက်ဆိပ်ကမ်း(MIPL Thilawa) ကနေ MS Azamara Journey သင်္ဘောကြီးနဲ့အတူ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘို ဆိပ်ကမ်းကို ခရီးဆက်ကြမှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးတွေ လာရောက်မှုဟာ ၂၀၁၄ ခုနှစ်ကစလို့ အခေါက်ရေမြင့် တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း သင်္ဘောအစီး ၂၀ လောက် လာရောက်မယ်လို့ ဟိုတယ်ခရီးဌာနက စုံစမ်းသိရှိရပါတယ်။
DVB



No comments:
Post a Comment