Saturday, April 14, 2018

ဟန်ဂေရီဝန်ကြီးချုပ်၏ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို လူထောင်ချီ ကန့်ကွက်ဆန္ဒပြ


ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်မှာ ၀န်ကြီးချုပ် ဗစ်တာအော်ဘင် ရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ဧပြီ ၁၄ ရက်နေ့က လူပေါင်းထောင်နဲ့ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို စီစဉ်သူတွေက ရွေးကောက်ပွဲစနစ်ဟာ တရားမျှတမှုမရှိဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မဲတွေကို ပြန်ပြီး ရေတွက်ပေးဖို့၊ မီဒီယာ လွတ်လပ်ခွင့်ရှိဖို့၊ ရွေးကောက်ပွဲဥပဒေသစ်ပြဋ္ဌာန်းပေးဖို့နဲ့ အတိုက်အခံပါတီတွေနဲ့ ပိုပြီးပူးပေါင်းဆောက် ရွက်ကြဖို့ကိုလည်း ဖေ့စ်ဘွတ်ခ်ကတဆင့် တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်အော်ဘင်ကို အာဏာရှင်တစ်ယောက်ဖြစ်ပြီး သူတို့ဟာ လူအင်အား အများစုဖြစ်တယ်လို့ ကြွေးကြော်သံတွေနဲ့ လွှတ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် အော်ဘင်ဟာ တတိယအကြိမ်မြောက် ၀န်ကြီးချုပ်သက်တမ်းအတွက် ဧပြီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment