လှိုင်သာယာမှ ထိန်ပင် အမှိုက်ပုံမီးလောင်မှုသည် ယခင် ကမဖြစ်ဖူးသော သဘာဝဘေး ဖြစ်ပြီး အမြန်ဆုံးဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့သို့ အကူအညီ တောင်းခံထားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။
မီးလောင်နေသော အမှိုက် ပုံနေရာကို ဧပြီ ၂၆ရက်က သွား ရောက်ကြည့်ရှုပြီးနောက် ယင်း ပြဿနာအမြန်ဆုံးဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည် ထောင်စုဝန်ကြီးပြောသည်။
‘‘အာဆီယံမှာ AHA Centre ဆိုတာရှိတယ်။ မြန်မာက အသင်း ၀င်ထားတယ်။ အဆက်အသွယ် လည်းရှိတယ်။ သတင်းပို့ထား တယ်။ မြန်မာနိုင်ငံမှာတော့ သ ဘာဝဘေးဒီလိုဖြစ်နေတယ်။ အ ကြံဉာဏ်တွေ လိုချင်တယ်လို့ ကမ်းလှမ်းထားတယ်’’ ဟု ဒေါက် တာဝင်းမြတ်အေးက ပြောကြား သည်။
AHA Centre(ASEAN Coordinating Centre For Humanitarian Assistance) သည် အာဆီယံဒေသတွင်း နိုင်ငံ များတွင် ဆိုးရွားသော သဘာဝ ဘေးများဖြစ်ပွားပါက ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးအ တွက် ၀ိုင်းဝန်ဖြေရှင်းရန် ဖွဲ့စည်း ထားခြင်းဖြစ်သည်ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။ အာဆီယံနိုင်ငံများက ယင်းအ သင်းအဖွဲ့ထံသို့ နှစ်စဉ်အမေရိ ကန် ဒေါ်လာ ၅၀,၀၀၀ ပေးသွင်းရ သည်။
7Day

No comments:
Post a Comment