မန္တလေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ မြို့မတူရိယာအသင်းကို ဂီတစာဆို မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ တေးသီချင်းတွေအားလုံး လုံးဝသီဆိုဖျော်ဖြေခွင့်မပြုတော့ဘူးလို့ မြို့မငြိမ်း မိသားစုဝင်တဦးက ပြောပါတယ်။
မြို့မတူရိယာအသင်းကြီးမှာ လက်ရှိအုပ်ချုပ်နေတဲ့ အမှုဆောင်အဖွဲ့ဟာ မြို့မအသင်းရဲ့ ရည်ရွယ်ချက်ကို မသိတာနဲ့အတူ မြို့မအသင်းကြီး စတင်တည်ထောင်စဉ်ကတည်းက ထားရှိခဲ့တဲ့ အသင်းစည်းကမ်းတွေကို မလိုက်နာတာကြောင့် ခုလိုတားမြစ်တာလို့ မြို့မငြိမ်းရဲ့သား ဒေါက်တာဦးညွန့်လွင်က ပြောပါတယ်။
ဆရာကြီးမြို့မငြိမ်း သီဆိုရေးစပ်သီကုံးခဲ့တဲ့ တေးသီချင်းအားလုံးကို အခုနှစ် သင်္ကြန်ကာလမှာသာမက တခြားအချိန်တွေမှာပါ မြို့မတူရိယာအသင်းကို လုံးဝသီဆိုတီးမှုတ် ဖျော်ဖြေခွင့်ပေးမှာ မဟုတ်ဘဲ လက်ရှိအမှုဆောင်အဖွဲ့ကို တရားဝင်ဖျက်သိမ်းပြီး အမှုဆောင်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ပြီးလို့ အမှုဆောင်သစ်ကို ကျေနပ်မှုရှိပါက ပြန်ခွင့်ပြုမယ်လို့ လည်းပြောပါတယ်။
မန္တလေးမြို့မတူရိယာအသင်းကြီးရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာ့မဟာဂီတာ ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ဆောင်တာ၊ မြန်မာသံစဉ် တေးသီချင်းတွေကို သီးကုံးဖွဲ့နွဲ့တာ၊ အနောက်တိုင်းသုံး ဂီတသင်္ကေတနဲ့ တူရိယာပစ္စည်းတွေကို ကျွမ်းကျင်စွာတီးမှုတ်နိုင်ဖို့ ကြိုးပမ်းတာ၊ အနောက်တိုင်း သုံးတူရိယာပစ္စည်းတွေနဲ့ မြန်မာတေးသီချင်းတွေကို သီဆိုတီးခတ်တီးမှုတ်နိုင်ဖို့ ကြိုးစားဖို့တွေ ဖြစ်ပါတယ်။
စည်းကမ်းချက်အနေနဲ့တော့ အသင်းရဲ့ အလုပ်အမူဆောင်အဖွဲ့ကို တနှစ် တခါ အသင်းစည်းကမ်းနဲ့အညီ ကျင်းပတဲ့ အလုပ်အမှုဆောင် သင်းလုံးကျွတ် အစည်းအဝေး ခေါ်ယူပြီး ရွေးချယ်ဖို့ရှိပေမယ့် လက်ရှိ အလုပ်အမှုဆောင်အဖွဲ့က လုပ်ဆောင်ဖို့ ပျက်ကွက်ပြီး စည်းကမ်းဖောက်ဖျက်ခဲ့တယ်လို့ မြို့မငြိမ်းရဲ့ သားဖြစ်သူ ဒေါက်တာညွန့်လွင်က ပြောပါတယ်။
DVB

No comments:
Post a Comment