ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်နဲ့ သူ့မဟာမိတ်တွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၈၀ ရာခိုင်နှုန်းလောက်ဟာ ပစ်မှတ်နဲ့ လွဲချော်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဆီးရီးယားကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၁၀၅ စင်းမှာ ၂၂ စင်းလောက်သာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး ကျန်တဲ့ဒုံးတွေဟာ ဆိုဗီယက်ခေတ် ဒုံးခွင်းစနစ်ရဲ့ ပစ်ချခြင်းကို ခံခဲ့ရတယ်လို့ ရုရှား စစ်ဌာနချုပ် အကြီးအကဲက မော်စကိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က စမတ်ဒုံးလို့ခေါ်တဲ့ ဒုံးကျည်အများစုဟာ စစ်ဘက်ဆိုင်ရာ စခန်းတွေထက် အရပ်ဘက် အဆောက်အဦတွေကို ပိုပြီး ပစ်မှတ်ထားခဲ့တယ်လို့လည်း သူကဆိုပါတယ်။
ရရှိတဲ့ အမေရိကန်ဒုံးတွေကို လေ့လာပြီး ရုရှားရဲ့ ဒုံးခွင်းစနစ်တွေကို အဆင့်မြှင့်တင်သွားမယ်လို့လည်း ရုရှားစစ်ဌာနချုပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။
DVB

No comments:
Post a Comment