မြန်မာနိုင်ငံမှ ထွက်ပြေးသော ဘင်္ဂါလီဒုက္ခသည်များ ကို ဖိလစ်ပိုင်သို့ လာရောက်ခိုလှုံခွင့်ပေးမည်ဟု သမ္မတရိုဒရီဂိုဒူတာ တီ၏ပြောဆိုမှုသည်အလေးအနက် ပြောကြားခြင်းဖြစ်သည်ဟုဖိ လစ်ပိုင်သမ္မတပြောရေးဆိုခွင့်ရှိ သူ ဟယ်ရီရိုကွေးက ဧပြီ ၈ရက်တွင်ပြောသည်။
‘‘သမ္မတဟာ တခြားနိုင်ငံ ကဒုက္ခသည်တွေကို လက်ခံရာမှာ ဖိလစ်ပိုင်ရဲ့အစဉ်အလာကို ထိန်း သိမ်းတာပဲဖြစ်ပါတယ်’’ ဟု ရို ကွေးက သတင်းထောက်များ အားပြောကြားသည်။ ‘‘သမ္မတက သူပြောခဲ့တာကို အလေးအနက် ပြောတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောပြီး ဖိလစ်ပိုင်တွင် ဒုက္ခသည် များအတွက် တံခါးဖွင့်မူဝါဒတစ် ရပ်အမြဲရှိကြောင်း ပြောသည်။
‘‘ဗီယက်နမ်ဒုက္ခသည်တွေရှိ ခဲ့တာကို ခင်ဗျားတို့မှတ်မိမှာပေါ့။ ကျွန်တော်တို့ဟာ လက်ခံဆောင် ရွက်ပေးရေးဇုန်တစ်ခုဖြစ်လာရ တယ်။ ဒုက္ခသည်ဖြစ်ကြောင်း သတ်မှတ်ချက်ပေးခဲ့သူတွေ အား လုံးနီးပါးဟာ ဖိလစ်ပိုင်ကိုဖြတ် သန်းသွားခဲ့ကြတယ်’’ ဟု ရိုကွေး ကပြောသည်။
ယင်းကြောင့် ဘင်္ဂါလီဒုက္ခ သည်များအတွက် မိမိတို့တံခါး ဖွင့်ပေးလိုသည်ဟု သမ္မတက ပြောကြားခြင်းသည် အစဉ်အလာ သဘောမျိုးတွင် ပါဝင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြား သည်။
အစောပိုင်းက ဖိလစ်ပိုင် သမ္မတဒူတာတီသည် ၎င်းအနေ ဖြင့် မြန်မာနိုင်ငံမှထွက်ပြေးလာ သည့် ဘင်္ဂါလီဒုက္ခသည်များအ တွက်ဖိလစ်ပိုင်က လမ်းဖွင့်ပေး လိုသည်ဟုပြောကြားသည်။
ဘာတာအန်ပြည်နယ် မိုရုန်း အောရှိ ဖိလစ်ပိုင်ဒုက္ခသည် လက်ခံဆောင်ရွက်ရေး စင်တာ (PRPC)သည် ဘင်္ဂါလီဒုက္ခသည် များ ခိုလှုံနိုင်သော နေရာတစ်ခုဖြစ်နိုင်သည်ဟု ရိုကွေးကပြောသည်။
မိမိတို့တွင် ဘာတာအန် ပြည်နယ်၌ဒုက္ခသည် လက်ခံရန် နေရာရှိသောကြောင့် ပြဿနာမ ရှိကြောင်း၊ ဒုက္ခသည်ဦးရေများ ပြားစွာ ၀င်ရောက်လာပါက မိမိတို့၌ ၎င်းတို့ကိုလက်ခံထားနိုင်သည့် အခြေခံအဆောက်အအုံရှိကြောင်း ရိုကွေးကပြောသည်။
PRPC တွင်တစ်ခါက ဗီယက်နမ်နှင့် ကမ္ဘောဒီးယား ဒုက္ခသည်များ ၁၉၈၀ ပြည်နှစ်အစောပိုင်းက ခိုလှုံခဲ့ပြီး အခြားနိုင်ငံများသို့ သွားရောက်ကာ ယင်းနိုင်ငံများ၌ အမြဲတမ်းအခြေကျနေထိုင်ခွင့်ရရှိခဲ့သည်။
Inquirer.net
7Day

No comments:
Post a Comment