ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်လည်း လပ္ပတ္တာ-ရန်ကုန်၊ မြောင်းမြ-ရန်ကုန်၊ မြောင်းမြ-ပုသိမ် ခရီးစဉ်၌ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ခရီးသွားပြည်သူများ ခရီးသွားလာမှုလွယ်ကူမြန်ဆန်စေရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် ကူညီပို့ ဆောင်ပေးလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သံမဏိကြိုးဆိုင်းများပြုတ်၍ မြောင်းမြမြစ်အတွင်းသို့ ပြုတ်ကျသွားသော မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်းများကို ဧပြီ ၁၁ ရက်မှစ၍ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ မြောင်းမြကြိုးတံတားဆယ်ယူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Popular News Journal






No comments:
Post a Comment