Tuesday, May 8, 2018

သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်တာမွေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေတဲ့ နေရာ(၁၃)ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့ မှာကျင်းပမယ်


NLD အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ်မယ့် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့ (စနေနေ့ )မှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ့်လို့ ဒီကနေ့ ကြေညာလိုက်တဲ့မဲဆန္ဒနယ်ကတော့(၁၃)နေရာရှိပါတယ်။ မူလက ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမယ်လို့ UEC ကကြေညာထားတာဟာ (၈)နေရာဖြစ်ပေမယ့် ဒီကနေ့ ထုတ်ပြန်မှုမှာတော့ (၁၃)နေရာရှိပါတယ်။ ပြည်သူ့ လွှတ်တော်(၄)နေရာ၊ အမျိုးသားလွှတ်တော်(၁)နေရာနဲ့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်(၈)နေရာတို့ ဖြစ်ပါတယ်။

မဲဆန္ဒနယ်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်သွားတဲ့ ဦးဝင်းမြင့်ရဲ့ မူလ၀င်ရောက်ယှဉ်ပြိင်ခဲ့တဲ့ တာမွေမြို့ နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာလည်းပါဝင်ပါတယ်။

ကြားဖြတ်ပြုလုပ်သွားမယ့်နေရာတွေကတော့ ပြည်သူ့ လွှတ်တော်မှာ လစ်လပ်နေတဲ့ ကန်ပက်လက်၊လဲချား၊တာမွေနဲ့ မြင်းခြံမြို့ နယ်မဲဆန္ဒနယ်တွေပါ။ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်အမျိုးးသားလွှတ်တော်မဲဆန္ဒနယ်(၂) ဖြစ်တဲ့မြစ်ကြားနားမြို့ နယ်မဲဆန္ဒနယ်ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တွေမှာ မတူပီ၊တမူး၊အုတ်တွင်း၊သပိတ်ကျင်း၊ရသေ့တောင်၊မင်းဘူး၊ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ အတွက် လစ်လပ်နေတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေကိုရွေးချယ်သွားမှာဖြစ်ပါတယ်။

ပြီိးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာကို ရခိုင်အမျိုးသားပါတီိမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ ယခုအချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့် သူရဲ့ အမ်းမြို့ နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာကတော့ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ့်နေရာစာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ဧပြီလ ၁ ရက်နေ့  က ကျင်းပပြုလုပ်ခဲ့ပြီး လစ်လပ်နေရာ ၁၉ နေရာရှိခဲ့ပါတယ်။


ဖြိုးထက်အောင်
Popular News Journal

0 comments:

Post a Comment