Wednesday, May 9, 2018

သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ တက်ရန် တောင်ကိုရီးယားသမ္မတ ဂျပန်သို့ ရောက်ရှိ


တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းဟာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မေလ ၉ ရက်နေ့က ဂျပန်နိုင်ငံမြို့တော် တိုကျိုကို ရောက်ရှိလာခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်တို့နဲ့အတူ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေသတွင်း တင်းမာမှုတွေကို လျှော့ချတဲ့ အမှတ်လက္ခဏာအဖြစ် တောင်ကိုရီးယား ခေါင်းဆောင်ဟာ  ၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဂျပန်နိုင်ငံကို တရားဝင် လာရောက်လည်ပတ်တာဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲပြီးနောက် သမ္မတ မွန်းဟာ ဝန်ကြီးချုပ် အာဘေးနဲ့ နှစ်နိုင်ငံ သီးခြားဆွေးနွေးပွဲတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယား အရေးကိစ္စအပြင် ကမ္ဘာ့ GDP စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ် သုံးနိုင်ငံ အရေးကိစ္စတွေကိုလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment