တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကို ကူညီကယ်ထုတ်ပေးဖို့ကိစ္စ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ကချင်လူငယ်သပိတ်စခန်း ဦးဆောင်ကော်မတီဝင်တွေ ဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံးသွားပါတယ်။
“ဝန်ကြီးချုပ်က ပထမစာတစောင်ဖြစ်တဲ့ တတ်နိုင်သရွေ့ ကယ်ထုတ်ပေးပါ့မယ်ဆိုတာကိုပဲ ထုတ်ပေးနိုင်တယ် ပြောပါတယ်။ ဒါကြောင့် ကျမတို့ သပိတ်စခန်းကို ဆက်ဖွင့်သွားမှာပါ။ အခုညအတွက်လည်း အစိုးရဘက်က သပိတ်စခန်းကို ဘာမှမလုပ်ပါဘူး ဆိုတာကိုလည်း အာမမခံထားပါဘူး။”
လက်ရှိမှာတော့ မြစ်ကြီးနားမြို့ မနောကွင်းမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းနားမှာ ရဲအင်အား ၁၀၀ ကျော်လောက် စောင့်နေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ တောတွင်းပိတ်မိနေတဲ့ ပြည်သူ ၃၀၀၀ လောက်ရှိနေပြီး အဲဒီထဲက ၂၄ ဦးဟာ မနေ့ညက ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာပါတယ်။
သတင်း – ရဲမွန်
DVB



No comments:
Post a Comment