မြန်မာနိုင်ငံသို့ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ လည်ပတ်မည်ဖြစ်သော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှာ ဒေလီမှစတင်ထွက်ခွာလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လွန်ခဲ့သောနှစ်နာရီခန့် က ယခုကဲ့သို့  သတင်းထုတ်ပြန်လာသည်။
" မြန်မာနိုင်ငံသို့ တရားဝင်ခရီးသွားရောက်မည့် အိန္ဒိယပြည်ပရေးရာဝန်ကြီးအား မြန်မာ သံအမတ်ကြီးမှ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် (၁၀-၅-၂၀၁၈) ရက်နေ့မှ (၁၁-၅-၂၀၁၈) ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီး သွားရောက်မည့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူရှမာဆွာရာ့ဂ်ျ ဦးဆောင်သည့် အိန္ဒိယကိုယ်စား လှယ်အဖွဲ့အား နယူးဒေလီမြို့၊ Palam Technical Airport ၌ ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည် "
မြန်မာသံရုံး၊ နယူးဒေလီမြို့
အကုန်သိသတင်းဌာန








0 comments:
Post a Comment