Thursday, May 10, 2018

အီရတ်လွှတ်တော် ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်မဲပေး


အီရတ်နိုင်ငံတောင်ပိုင်း၊ ဘာဆရာမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ အီရတ်လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်ခင် ၂ ရက်အလို မေလ ၁၀ ရက်နေ့မှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။

မေလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ မအားသူတွေအတွက် အခုလို ကြိုတင်မဲပေးနိုင်ဖို့ အီရတ်နိုင်ငံတဝှမ်းမှာ မဲရုံပေါင်း ၅၀၀ နီးပါး ဖွင့်ပေးမယ်လို့ ယူဆရပါတယ်။

ကြိုတင်ဆန္ဒမဲပေးမယ့်သူ အများစုဟာ မဲထည့်မယ့်နေ့မှာ မဲရုံတွေ လုံခြုံရေးရယူမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် တသန်းနီးပါးထဲက ဖြစ်ပါတယ်။

အခုတကြိမ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၃၂၉ နေရာအတွက် အမတ်လောင်း ၇၀၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ အီရတ်နိုင်ငံသား ၂၄ သန်းနီးပါး ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment