ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ် အောင်စိုးကို စစ်ဘက်မူလတာဝန် များ ပြန်လည်ထမ်းဆောင်စေ ကြောင်းနှင့် ၎င်းနေရာတွင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူကို ခန့်အပ်တာ ၀န်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးက ယမန်နေ့(မေလ ၂၈ ရက်)၌ ကြေညာသည်။
ဗိုလ်ချုပ်အောင်စိုးကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ ၃)အဖြစ် တာဝန်ပေးအပ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း 7Day Daily သတင်းစာကသီးခြား အတည်ပြုချက်မရသေးပေ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင် သွင်းသည့်ကာကွယ်ရေး၊ ပြည်ထဲ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန သုံးခုအနက် အထက်ပါဒုဝန်ကြီး ပြောင်းလဲခြင်းက လက်ရှိဒီချုပ် အစိုးရလက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။
ယခင်က များသောအားဖြင့် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး အဖြစ်တာဝန်ပေးပြီးပါက စစ် ဘက်သို့ ပြန်လည်တာဝန်ထမ်း ဆောင်စေခြင်းမရှိဘဲ ဗိုလ်ချုပ် အောင်စိုးကို ယခုကဲ့သို့စစ်ဘက် သို့ပြန်လည်ခေါ်ယူခြင်းသည် ၎င်း အတွက်အလားအလာကောင်း ကြောင်း အငြိမ်းစားတပ်မတော် အရာရှိကြီးတစ်ဦးက မှတ်ချက်ပြု သည်။
‘‘တပ်မတော်မှာ တာဝန်ပေး ချင်လို့ ပြန်ခေါ်တာကို သီးခြား ပြောဖို့မရှိပါဘူး။ ကောင်းတဲ့အ လုပ်ပဲ။ တပ်မတော်သမိုင်းမှာ ဒီ လိုဖြစ်စဉ်က ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက ဒါမျိုးမတွေ့ဖူးဘူး’’ ဟုအထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
ယခုလအတွင်း တပ်မတော် အရာရှိအချို့ အပြောင်းအလဲပြု လုပ်ခဲ့ပြီး အစိုးရအဖွဲ့အပြောင်းအ လဲကိုလည်း ဆက်တိုက်ပြုလုပ် နေသည်။
ဦးကျော်ဝင်းနုတ်ထွက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာတွင် ဘဏ်လုပ်ငန်းကျွမ်း ကျင်သူပညာရှင်ဦးစိုးဝင်းအား ခန့်အပ်တာဝန်ပေးရန် နိုင်ငံ တော်သမ္မတက အဆိုပြုကြောင်း ပြည်ထောင်စုလွှတ်တော်က ယ မန်နေ့၌ ကြေညာခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန် ကြီးအပြောင်းအလဲ ဆက်လက် ဖြစ်ပေါ်မည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီနှင့်နီးစပ်သူအ ချို့၊ အစိုးရအဖွဲ့နှင့်နီးစပ်သူအချို့ ကပြောသည်။ အပြောင်းအလဲဖြစ်ပေါ်မည်ဟု ကျယ်ပြန့်စွာ သတင်းထွက်နေသည့် ၀န်ကြီးဌာနများသည် စက်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ပညာရေးတို့ဖြစ်သည်။
7Day



No comments:
Post a Comment