Monday, May 7, 2018

ကြိုးတံတား ၂၉ စင်းကို တိုကျိုတက္ကသိုလ် ပညာရှင်များ ယနေ့စတင်စစ်ဆေးမည်


မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် အခြားသက် တမ်းတူ ကြိုးတံတား ၂၉ စင်းကို ဂျပန်နိုင်ငံမှ ပညာရှင်များက ယနေ့ (မေလ ၈ ရက်)တွင် စတင် စစ်ဆေးမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင် မောင်ဆွေက ပြောသည်။

ပြတ်ကျခဲ့သည့် မြောင်းမြ တံတားနှင့်သက်တမ်းတူကြိုးတံ တား ၂၉ စင်းအနက် တရုတ်ပညာ ရှင်များက ကြိုးတံတား ၁၁ စင်းကို စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဂျပန်ပညာရှင်တွေက ဧရာ ဝတီလည်းပါတယ်။ အထက်ပိုင်း ရော၊ အောက်ပိုင်းတွေကို စစ်မှာ ပါ’’ ဟု ဦးခင်မောင်ဆွေက ဆက် လက်ပြောသည်။

ဧပြီ ၁ ရက်တွင် မြောင်းမြ ကြိုးတံတားပြတ်ကျမှုကြောင့် အ ခြားသက်တမ်းတူတံတား ၂၉ စင်း ကို တရုတ်နှင့် ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ခြောက်လအတွင်း စစ်ဆေးရန် နိုင်ငံတော်သမ္မတက နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်း ပြောကြားပြီးနောက်  စတင်စစ် ဆေးနေသည်။

မြန်မာနိုင်ငံရှိ ကြိုးတံတား များ စစ်ဆေးရာတွင် ဂျပန်နိုင်ငံ  တိုကျိုတက္ကသိုလ်၏  SATREFS စီမံကိန်း၏ အခြေခံအဆောက်အ အုံ စီမံခန့်ခွဲမှုအဖွဲ့၊ အင်ဂျင်နီယာပညာရေးကဏ္ဍ အဆင့်မြှင့်တင် ရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းအရ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က မေလ  ၇ ရက်၌သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် JICA သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ် တို့မှ ပညာရှင်များနှင့်ပူးပေါင်း၍ မြောင်းမြတံတားပြတ်ကျမှုကို စစ် ဆေးခဲ့ကြောင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တောင်းဆိုမှု ကြောင့် JICA က ဧရာဝတီတိုင်းရှိ အခြားကြိုးတံတားများကိုလည်း စစ်ဆေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းရှိ ကြိုးတံတား ၂၉ စင်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက စစ်ဆေးပြီးနောက် ဂျိုင်း(ကော့ကရိတ်)တံတားကို ဧပြီ ၁၉ ရက်က စတင်ကာ ယာဉ်   နှင့်ကုန်စုစုပေါင်း ၁၃တန်သာ ဖြတ်သန်းခွင့်ပြုထားသည်။ ဂျိုင်း (ဇာသပြင်)ကြိုးတံတားကိုလည်း တန်ချိန် ၂၀ သာ ဖြတ်သန်းရန်ခွင့် ပြုထားသည်။

ခံနိုင်ဝန်ကျဆင်းနေခြင်း ကြောင့် ကရင်နှင့် မွန်ပြည်နယ်ရှိ တံတားသုံးစင်းကို ပြန်လည်တည် ဆောက်ရန် အစိုးရက စီစဉ်နေ သည်။ အစားထိုးတည်ဆောက် မည့် တံတားများသည် ကရင်ပြည် နယ်ရှိ ဂျိုင်း(ကော့ကရိတ်)၊ ဂျိုင်း (ဇာသပြင်)နှင့် ကရင်နှင့် မွန်ပြည် နယ်(မော်လမြိုင်)ကြား အတ္ထရံ မြစ်ကူးတံတားတို့ဖြစ်သည်။

7Day

0 comments:

Post a Comment