Thursday, May 10, 2018

မဲလက်မှတ် တံဆိပ်တုံးမနှိပ်သည့်ဖြစ်ရပ် စုံစမ်းမည်ဟု မလေးရှားပြော


ဆန္ဒမဲလက်မှတ်တွေမှာ တံဆိပ်တုံးမနှိပ်ထားတဲ့ဖြစ်ရပ်၊ စာတိုက်ကနေ ပေးပို့လာတဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ မဲလက်မှတ်တွေ နောက်ကျမှ ရောက်လာတဲ့ ဖြစ်ရပ်တွေကို စုံစမ်းသွားမယ်လို့ မလေးရှား ရွေးကောက်ပွဲကော်မရှင်က မေ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် တံဆိပ်တုံး မနှိပ်ထားပေမယ့် ဆန္ဒမဲလက်မှတ်တွေကို မဲပေးချိန် လက်ခံနေဆဲဖြစ်ပြီး ဘာ့ကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို စုံစမ်းသွားမယ်လို့ ကော်မရှင်အကြီးအကဲ ဟာရှင် အက်ဘ်ဒူလာက ပြောပါတယ်။

အတိုက်အခံနဲ့ အာဏာရပါတီ ခေါင်းဆောင်တွေကလည်း မေ ၉ ရက်နေ့ မဲပေးချိန်အတွင်း သူတို့ရဲ့ မိုဘိုင်းဖုန်းတွေဆီ အမှတ်တကယ် ဆက်သွယ်တာ မဟုတ်တဲ့ အဆက်မပြတ် ဖုန်းခေါ်ဆိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

မလေးရှား ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်ကတော့ ဒီဖြစ်ရပ်ကို စပြီး စုံစမ်းနေပြီလို့ ကြေညာထားပါတယ်။ မေ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၁၅ သန်းနီးပါးအထိ ရှိပါတယ်။

DVB

No comments:

Post a Comment