ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲစာရင်းများ လိုက်လံ ကောက်ခံမှုကို ဧပြီ ၁၉ ရက်ကစ တင်ကာ ငါးပတ်အတွင်းအပြီး ကောက်ခံမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင် ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင် ကပြောသည်။
နိုဝင်ဘာ ၃ ရက်တွင်ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲကို အင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပြင် မကြာသေး မီက ပါတီတည်ထောင်ခွင့်ရထား သော ရှစ်လေးလုံးပြည်သူ့ပါတီ လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ များကဆိုသည်။
‘‘လက်ရှိက မဲဆန္ဒနယ် ၁၃ နေရာတွေက လစ်လပ်မဲဆန္ဒနယ် အကုန်ပါပဲ။ တာမွေက အခု သမ္မတကြီး (ဦးဝင်းမြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောမဲဆန္ဒနယ်) ဖြစ် သွားတယ်။ မကွေးတိုင်းက နုတ် ထွက်သွားတာ။ ကျန်တာကကွယ် လွန်သွားတာ’’ ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
လစ်လပ်နေသော ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်များမှာချင်း ပြည်နယ်ကန်ပက်လက်၊ ရှမ်းပြည်နယ်လဲချား၊ ရန်ကုန်တိုင်း ဒေသကြီးတာမွေ၊ မန္တလေးတိုင်း ဒေသကြီးမြင်းခြံဖြစ်ပြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) နေရာအဖြစ် မြစ်ကြီးနားဖြစ် သည်။
ထို့အပြင် တိုင်းဒေသကြီး ပြည်နယ်၊ လွှတ်တော်မဲဆန္ဒနယ် များအဖြစ် မတူပီမြို့နယ်အမှတ် (၁)၊ တမူးမြို့နယ်အမှတ်(၂)၊ အုတ်တွင်းမြို့နယ် အမှတ်(၁)၊ သပိတ်ကျင်းမြို့နယ်အမှတ်(၁)၊ ရသေ့တောင်မြို့နယ်အမှတ်(၂)၊ မင်းဘူးမြို့နယ်အမှတ် (၂)၊ ဆိပ် ကမ်းမြို့နယ်အမှတ်(၂)၊ မန္တလေး တိုင်းဒေသကြီးရှမ်းတိုင်းရင်းသား ရေးရာလူမျိုးမဲဆန္ဒနယ်တို့ ဖြစ် သည်။
‘‘ကျွန်တော်တို့ကတော့ နေ ရာတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူ ငယ်တွေကို ဦးစားပေးပြီးတော့ ရွေးချယ်ယှဉ်ပြိုင်သွားမယ်။ အ ရည်အချင်းရှိပြီး တိုင်းပြည်တာဝန် ကို အမှန်တကယ်ထမ်းဆောင် နိုင်ခြင်းရှိ၊ မရှိကျွန်တော်တို့စိစစ် ပြီးတော့ ရွေးချယ်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်’’ ဟု ဒီချုပ်ပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွန့်က ပြောသည်။
ထို့အတူ အများစိတ်ဝင်စား နေသည့် ၈၈ မျိုးဆက်နှင့် နိုင်ငံ ရေးအင်အားစုများ ပါဝင်သည့် ရှစ်လေးလုံးပြည်သူ့ပါတီလည်း ကြားဖြတ်ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြော ကြားသည်။
‘‘အဲဒီအချိန်(ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည့်အချိန်)မှာ ကျွန်တော်တို့ပါတီက တရားဝင် ပါတီဖြစ်ပြီ။ ဥပဒေအရသုံးနေရာ မ၀င်မနေရ၀င်ရမယ်။ သုံးနေရာ ထက်ပိုပြီး ၀င်ပြိုင်မယ်ဆိုတာကို ပြောဖို့တော့လောလောဆယ်စောနေသေးတယ်။ ကျွန်တော်တို့ပါတီ မှတ်ပုံတင် တရားဝင်ရပြီးပြီဆိုမှပဲ ဒါတွေကို ဘယ်လိုဆောင်ရွက် မယ်ဆိုတာကို အစည်းအဝေးလုပ် ပြီးဆုံးဖြတ်ကြမယ်’’ ဟုရှစ်လေး လုံး ပြည်သူ့ပါတီခေါင်းဆောင် ဦး ရဲနိုင်အောင်ကပြောသည်။
ပါတီက ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ကြေညာချက် နှင့်ပတ်သက်ပြီး နေရာစုံဝင်ပြိုင် နိုင်ရေး မဆုံးဖြတ်ရသေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒာလှမြင့်က ပြောသည်။
‘‘ပါတီကြီးတစ်ခုအနေနဲ့ နေ ရာစုံဝင်ပြိင်ဖို့မူကတော့ ကျွန် တော်တို့မှာရှိပြီးသား။ ဒါပေမဲ့ အခုထိ နေရာစုံဝင်ပြိုင်မယ်၊မပြိုင် ဘူးဆိုတာ အစည်းအဝေးလုပ်ပြီး တိတိကျကျသတင်းထုတ်ပြန်ပေး သွားပါမယ်’’ ဟု ၎င်းကဆိုသည်။
၂၀၁၇ကကျင်းပသည့် ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၁၉ နေရာ၌ကျင်းပပြီး ဒီချုပ်ပါတီ က ကိုးနေရာအနိုင်ရရှိသည်။
၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲကျင်းပရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ကျပ်သန်း ၁,၆၀၀ ကျော် သုံးစွဲရန်လျာထားသည်။
7Day






0 comments:
Post a Comment