မြန်မာနိုင်ငံအတွင်းသို့မေလ ၇ ရက်က ပြန်လည်ဝင်ရောက်လားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများထဲ တွင် ပါဝင်လာသည့် မွတ်ဆလင် အမျိုးသားတစ်ဦးအား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြဝတီမြို့အမှတ်(၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ် သမားရုံး သို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၄ ဦး (ကျား ၁၃၁၊ မ ၅၃)တို့ ပြန်လည် ဝင်ရောက် လာခဲ့ရာ အဆိုပါ ရွှေ့ပြောင်း အလုပ်သမား များအနက် မာမက်ရော်ဘုတ် (ခ) အောင်ကျော်မြင့်(၂၂)နှစ် အား စိစစ်တွေ့ရှိသဖြင့်စစ်မေးရာ ၎င်းသည် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ သွားရောက် ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းသို့လည်း ခွင့်ပြု ချက် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ပြန်လည် ဝင်ရောက် လာကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ မာမက်ရော်ဘုတ်(ခ) အောင်ကျော်မြင့် (ဖမ်းမိ)အား မြဝတီ မြို့မရဲစခန်းမှ (ပ)၂၄၀/၂၀၁၈၊ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
The Ladies News

No comments:
Post a Comment