Tuesday, May 8, 2018

ကမ္ဘာတည်သရွေ့  နိုင်ငံတွင် ဦးဆောင်ပါတီအဖြစ် ပြည်ခိုင်ဖြိုးပါတီ ရှိနေရန် ရည်ရွယ်ဟု ဦးခင်ရီ ပြော


ကမ္ဘာတည်သရွေ့  နိုင်ငံတွင် ဦးဆောင်ပါတီအဖြစ် ပြည်ခိုင်ဖြိုးပါတီ ရှိနေရန် ရည်ရွယ်ဟု ပြည်ခိုင်ဖြိုးပါတီ မှ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ က မေလ၇ ရက်က ရန်ကုန်တိုင်း၌ကျင်းပသော ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲတွင် ပြောကြားလိုက်သည်။

’’ ပါတီအကျိုး နိုင်ငံတော်အကျိုး ဒီအကျိုးတွေကို ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်နဲ့ နိုင်ငံရေးသမား ပီပီသသနဲ့ တို့ ပါတီကြီး ကမ္ဘာတည်သရွေ့  ဦးဆောင်ပါတီ အဖြစ် အမြဲတမ်း ရှင်သန်နိုင်အောင် ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်တဲ့ လူငယ်လူရွယ်များအဖြစ်လည်းမျှော်လင့်ပါတယ်လို့ ပြောကြားလိုပါတယ်။ ဒီနေ့လူငယ်တွေဟာ အနာဂါတ်မှာလူကြီးတွေဖြစ်လာမှာဖြစ်ပါတယ်။ အသက်ရွယ်ကြီးလို့ လူကြီးဖြစ်လာတာမဟုတ်ပဲ ပါတီမျှော်လင့်ချက်ကတော့ ပါတီကို ဦးဆောင်နိုင်မယ့် ပါတီအတွက် အနာဂါတ်မျိုးဆက်သစ်ဖြစ်တဲ့ တို့ ပါတီ ကြီး ကမ္ဘာတည်သရွေ့ နိုင်ငံမှာ ဦးဆောင်ပါတီဖြစ်ရေးအတွက် ဒီလိုပွဲမျိုးကို ဦးဆောင်ကျင်းပရခြင်းဖြစ်ပါတယ်’’ဟု ဦးခင်ရီ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီ သည် လူငယ်အင်အားအများဆုံးဖြစ်ကြောင်း ပါတီအနေဖြင့်လည်း လူငယ်များ အပေါ် အားကိုးအားထားပြု၍ အဆင့်သုံးဆင့် ခွဲထားကြောင်း၊ ရှေ့ ဆောင် ဦးဆောင်ဟူ၍ ရှိကြောင်း ဦးဆောင်လူငယ်များသည် ပါတီကို ခေါင်းဆောင်ရမည်ဟု ဦး ခင်ရီ က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်တွင် မဲဆန္ဒနယ် ၌ အားလုံး အနိုင်ရမည်ဟုပြောကြားထားပြီး လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို ဦးတည်လျက် နိုင်ငံရေးလုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment