တရုတ်ယွမ်ငွေ ၇၅ ဘီလီယံခန့် လိမ်လည်ရယူခဲ့တဲ့ အန်ဘန်း အာမခံကုမ္ပဏီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဟောင်းကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပါတယ်။
ကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ဝူးရှောင်ဟွေးကို ထောင်ဒဏ်အပြင် တရုတ်ယွမ်ငွေ ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ သူပိုင်ပစ္စည်းတွေကိုလည်း သိမ်းယူဖို့ ရှန်ဟိုင်းတရားရုံးက အမိန့်ချမှတ်လိုက်တာပါ။
ဝူဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ အစိုးရတာဝန်ရှိသူတွေကို လိမ်လည်ပြီး အာမခံစာရွက်စာတမ်းတွေ အတုပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ တရားရုံးက ပြောကြားပါတယ်။
အဲဒီကာလအတွင်း အာမခံစာရွက်စာတမ်း အတုတွေကနေ လိမ်လည်ရယူထားတဲ့ ငွေကြေးတွေကို သူပိုင် တခြားကုမ္ပဏီတွေဆီကို လွှဲပြောင်းရယူခဲ့တာပါ။
၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အန်ဘန်း အာမခံကုမ္ပဏီလုပ်ငန်းစုရဲ့ တန်ဖိုးဟာ တရုတ်ယွမ်ငွေ ၂ ထရီလီယံရှိပြီး ဝန်ထမ်းပေါင်း ၃ သောင်းကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
အန်ဘန်းအာမခံကုမ္ပဏီမှာ အာမခံထားသူပေါင်းဟာ တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ၃၅ သန်းရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB

No comments:
Post a Comment