ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစု ၅ စု ရှိ ဒုက္ခသည် ၁၉ ဦးကို တတိယအသုတ်ကို ပြန်ပို့ခဲ့တယ်လို့ ထိုင်း သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဘက်မှာနေထိုင်တဲ့ ဒုက္ခသည် ၇၁ ဦးကို ပြီးခဲ့တဲ့ ၂၀၁၆ ခု နှစ်အောက်တိုဘာလက ပထမအသုတ်အဖြစ် ပြန်ပို့ခဲ့ပြီး နောက်ထပ် ဒုက္ခသည် ၇၃ ဦးပါ အုပ်စုကို ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံဆီ ပြန်ပို့ထားပြီးဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒုက္ခသည်တွေကို ကယားပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီးဌာနမှ ၀န်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ဦးဆောင်တဲ့အဖွဲ့ က လက်ခံကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Ban Mai Nai Soi ဒုက္ခသည်စခန်းမှာ လူဦးရေ ၈၀၀၀ ရှိနေပြီး အများစု ဟာ တတိယနိုင်ငံဆီ သွားရောက်ခဲ့သလို အချို့လည်း မိခင်မြန်မာနိုင်ငံဆီ ပြန်လာခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဆီ နောက်ဆုံးပြန်လာတဲ့ ဒုက္ခသည်အုပ်စုမှာ အမှန်တကယ်ပြန်မယ့်ဦးရေ က ၂၉ ဦးရှိခဲ့ပေမယ့် နောက်ပိုင်းမှာ စိတ်ပြောင်းသွားခဲ့တာကြောင့် ၁၉ ဦးသာပြန်လာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
သားဖိုးကောင်း (အကုန်သိ သတင်းဌာန)

No comments:
Post a Comment