Thursday, May 10, 2018

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီးရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ သိမ်းဆည်းရမိ





ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် မေ ၉ ရက် ညနေ ၃ နာရီခွဲတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ တောင်ကမ်းပါးယံသို့ ရောက်ရှိစဉ် သစ်ချောင်းများ၊ မိုးကာစနှင့် မြေကြီးတို့ဖြင့် ဖုံးအုပ်ထားသည့် နေရာတစ်ခုကို တွေ့ရှိသဖြင့် ရှင်းလင်းစစ်ဆေးရာ အကျယ် ၁၅ ပေ၊ အရှည် ၅ဝ ပေခန့်ရှိ လိုဏ်ဂူတစ်ခုကို တွေ့ရှိရပြီး လိုဏ်ဂူအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ ထည့်ထားသော ၅ဝ ဂါလန်ဝင်ပလတ်စတစ် ပီပါ ၁ဝဝ လုံး၊ သံပီပါ ၂၅ လုံး၊ ၅ ဂါလန်ဝင် ပလတ်စတစ်ပုံး ၃၃ဝ လုံး၊ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ၎င်းကျည်လေးတောင့်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment