တွစ်တာသုံးစွဲသူ သန်း ၃၃၀ ကျော်အနေနဲ့ အသုံးပြုနေကျ လျှို့ဝှက်နံပါတ်တွေကို ပြောင်းကြဖို့ မေလ ၃ ရက်နေ့မှာ တွစ်တာကုမ္ပဏီက တိုက်တွန်းလိုက်ပါတယ်။
တွစ်တာရဲ့ ကွန်ပျူတာအတွင်းပိုင်းစနစ်မှာ ဖတ်လို့ရတဲ့ စာသားတွေကို သိုလှောင်တဲ့ နေရာတချို့မှာ ချို့ယွင်းချက် ဖြစ်ခဲ့တာကြောင့် ကုမ္ပဏီဘက်က အခုလို တိုက်တွန်းလိုက်တာပါ။
ပြဿနာကို ဖြေရှင်းသွားပြီးဖြစ်သလို သုံးစွဲသူတွေရဲ့ လျှို့ဝှက်နံပါတ်တွေ အလွဲသုံးခံရတာနဲ့ အခိုးခံရတာမျိုး ရှိမရှိကိုလည်း ကုမ္ပဏီတွင်း စုံစမ်းမှုလုပ်နေပြီလို့ တွစ်တာက သူ့လူမှုကွန်ရက်ကနေတဆင့် သတင်းထုတ်ပြန်ပါတယ်။
ဒါပေမယ့် သုံးစွဲသူတွေအနေနဲ့ လျှို့ဝှက်နံပါတ်တွေပြောင်းဖို့ စဉ်းစားစေချင်တယ်လို့ တွစ်တာဘက်က ပြောပါတယ်။
DVB

No comments:
Post a Comment