Sunday, May 6, 2018

ရခိုင်အမျိုးသားပါတီ အစည်းအဝေး စတင်ကျင်းပ


ရခိုင်အမျိုးသားပါတီ ( ANP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို ယနေ့နံနက်မှ စတင်ပြီး စစ်တွေ ပါတီ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိသည်။

အစည်းအဝေးသို့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များ တက်ရာက်နေကြောင်း သိရသည်။

၎င်းအစည်းအဝေးကို မေ ၇ ရက်မှ ၈ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


(Photo by Kyaw Kyaw Lin)
Narinjara

0 comments:

Post a Comment