Monday, May 28, 2018

တရုတ်တွင် အင်အား ၅ ဒသမ ၇ ရှိ ငလျင်လှုပ်၊ အိမ်ခြေ ၁၆၀၀ ခန့် ပျက်စီး


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ် ဆောင်းယွမ်မြို့ နင်းကျန်းခရိုင်မှာ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၇ ရှိတဲ့ ငလျင်တရပ် မေ ၂၈ ရက် မနက် ၂ နာရီလောက်က လှုပ်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

လူအသေအပျောက် အစီရင်ခံစာ တင်ပြတာ အခုထိမရှိသေးဘဲ ဒေသခံတွေကတော့ အားကောင်းတဲ့ လှုပ်ခတ်မှုတွေကို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ငလျင်အပြီး လမ်းပေါ် လူအများအပြား ပြေးထွက်ခဲ့ကြတာပါ။ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံ ပြန်ကြားရေးဌာနက ပြောပါတယ်။

လက်ကိုင်ဖုန်း ဆက်သွယ်ရေးက တချို့နေရာတွေမှာ ငလျင်ဒဏ်ထိခဲ့ပေမယ့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုက ပုံမှန်ရှိနေဆဲပါ။

ငလျင်ဟာ မြေအောက်အနက် ၁၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက အစီရင်ခံပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ယာမုတုရွာနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ အိမ်ခြေ အလုံး ၁၆၀၀ လောက် ပျက်စီးခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာ ဆင်ဟွာသတင်းဌာနက အစီရင်ခံထားပါတယ်။

DVB

No comments:

Post a Comment